Showing posts with label Computer နည်းပညာ. Show all posts
Showing posts with label Computer နည်းပညာ. Show all posts
Thursday, February 4, 2016
Windows 8, 8.1 နဲ့ 10 မှာ အလွန်အသုံးဝင်တဲ့ System Restore လုပ်နည်း
 Windows 8, 8.1 နဲ့ 10 မှာ အလွန်အသုံးဝင်တဲ့ System Restore လုပ်နည်း
 System Restore Point က search bar က သွားရတာလွယ်ကူတာဖြစ်လို့ search bar ကိုခေါ်မရတဲ့ပြသနာ အရင်ရေးလိုက်တာပါ။
အရင်ဆုံး System Restore အရေးပါပုံလေးရှင်းပြချင်ပါတယ်။ ကျွန်တော် အမြဲသုံးနေကျဖြစ်နေလို့လဲပါပါတယ်။
System Restore ဆိုတာ ကွန်ပျူတာအတွင်းက System file တွေကို backup လုပ်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ကွန်ပျူတာက သုံးနေရင်းကနေ ဘယ်လိုအကြောင်းနဲ့မဆို တနည်းနည်းနဲ့ပျက်သွားခဲ့တယ်ဆိုကြပါစို့။ system restore လုပ်ထားခဲ့မယ်ဆိုရင် အကောင်းအတိုင်းပြန်ဖြစ်ပါတယ်။ ဥပမာ - ၁-၁-၂၀၁၆ ရက်နေ့မှာ windows တင်မယ်၊ Applications တွေတင်မယ်၊ ပြီးတာနဲ့ system restore ပါတစ်ခါတည်းလုပ်ထားမယ်ဆိုရင် ဘယ်အချိန်မှာပဲပျက်ပျက် system restore ကို ၀င်ပြီး လုပ်ခဲ့တဲ့ အဲဒီ restore point ကို ပြန်ခေါ်လိုက်တာနဲ့ ၁-၁-၂၀၁၆ ရက်နေ့က ပုံစံအတိုင်းပြန်ရပါတယ်။ အလွန်အသုံးဝင်ပါတယ်။
system restore လုပ်နည်း
----------------------------
၁။ search bar တွင် create a restore point ကို ရိုက်ထည့်ပြီး ပေါ်လာသော result ကို နှိပ်ပါ။
၂။ system properties box ရှိ system protection တွင် Local Disk C: (system) ကိုရွေးကာ configure ကိုနှိပ်ပါ။ Turn on system protection ကို ရွေးပါ။ Apply, OK ကိုနှိပ်ပါ။
၃။ system protection ရှိ create ကို နှိပ်ပါ။ ပေါ်လာသည့် box တွင် လုပ်သည့် နေ့စွဲရိုက်ထည့်ပြီး create ကို နှိပ်ပါ။
၎။ Creating a restore point လုပ်နေပါမည်။ ပြီးသည်အထိစောင့်ပါ။
၅။ The restore point was created successfully ပေါ်လာလျှင် system restore backup လုပ်ငန်းပြီးပါပြီ။
ကွန်ပျူတာပျက်သည့်အခါ System restore ပြန်ခေါ်နည်းကို ဆက်တင်ပေးပ့ါမယ်။
 နတ်တလင်းသားလေး (နည်းပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
 လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...
USB Stick တွေ Storage Device တွေကို Data လုံခြုံရေးအတွက် Password ခံထာခြင်း
1
 2
CMOS နဲ့ BIOS ကွာခြားချက်များ အကြောင်း
CMOS နဲ့ BIOS ကွာခြားချက်များ အကြောင်း
========================
တစ်ချို့သော ကွန်ပျူတာသုံးစွဲသူတွေဟာ တစ်ခါတစ်လေမှာ CMOS နဲ့ BIOS ကို အတူတူပဲလို့ ထင်မှတ်နေကြပါတယ်။ တစ်ကယ်တော့ အဲဒီနှစ်ခုဟာ အစိတ်အပိုင်းတွေ မတူသလို လုပ်ဆောင်ချက်တွေလည်း ကွဲပြားခြားနားပါတယ်။ အဲဒီတော့ ဘာတွေမတူသလဲ ကြည့်ရအောင်။
BIOS
------
BIOS ဆိုတာ Basic Input/Output System တစ်ခုဖြစ်ပြီး System BIOS, ROM BIOS or PC BIOS လို့လူသိများတဲ့ firmware အမျိုးအစားတစ်ခုဖြစ်ကာ motherboard ပေါ်က chip တစ်ခုအတွင်းမှာ run ပါတယ်။ အဲဒီ firmware ဟာ ကွန်ပျူတာအတွင်းက disc drives, video cards, sound cards, network cards, floppy drives, USB ports, hard drives နဲ့ အခြားအစိတ်အပိုင်းတွေကို ထိန်းချုပ်ပေးနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ BIOS မရှိပဲနဲ့ processor ဟာ ကွန်ပျူတာအတွင်းက အစိတ်အပိုင်းတွေကို သိမှာမဟုတ်တဲ့အတွက် ကွန်ပျူတာအစိတ်အပိုင်းတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။
BIOS chip အတွင်းမှ ရှိတဲ့ BIOS program ကို BIOS flash program ကနေ update လုပ်လို့ရပါတယ်။ BIOS program မှာလည်း ကွန်ပျူတာအမျိုးအစားနဲ့ Motherboard အမျိုးအစားအလိုက် version တွေကွာပါသေးတယ်။
Windows Computer ကို Factory Reset ပြုလုပ်နည်း
Windows Computer ကို Factory Reset ပြုလုပ်နိုင်မယ့် နည်း (၄) နည်း
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ
သင့်ကွန်ပြူတာကလိလွန်သွားလို့ပဲဖြစ်ဖြစ် သင့်ကွန်ပြူတာ လေးလံလာလို့ ဖြစ်ဖြစ်၊ Virus ကူးစက်လို့ ဖြစ်ဖြစ် ၊ ဖြေရှင်းမရတဲ့ Error ဖြစ်လို့ပဲ ဖြစ်ဖြစ် မူလအခြေအနေ ကို ပြန်ရောက်ရှိဖို့ အမြန်ဆုံး နဲ့ အလွယ်ဆုံး နည်းက စက်ရုံထုတ်အနေအထား အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Factory Reset ချတာဖြစ်ပါတယ်။ စမတ်ဖုန်းများ မှာ Factory Reset ချနိုင်တဲ့ စွမ်းဆောင်ချက် ကို ထည့်သွင်းပေးထားပါတယ်။ Wimdows Computer မှာလည်း Factory Reset ချနိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။
Recovery Partitiion ကို အသုံးပြုပါ။
-------------------------------------
နောက်ပိုင်းထုတ် ကွန်ပြူတာများ မှာ Operating System ကို ကြိုတင်ထည့်သွင်းပေးထားပြီး Recovery Partition ပါရှိကြပါတယ်။ Recovery Partition ကို အသုံးပြုပြီး ၀င်းဒိုး ကွန်ပြူတာ ကို စက်ရုံထုတ်အခြေအနေ အတိုင်း ပြန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။
ကွန်ပြူတာ မှာ Recovery Partition ပါမပါ သိနိုင်ဖို့ My Computer ပေါ်မှာ Right Click နှိပ်ပြီး Manage ကိုနှိပ်ပါ။ Computer Management Window ပေါ်လာရင် ဘယ်ဘယ် Side Bar မှာ ရှိတဲ့ Storage အောက်က Disk Management ကိုနှိပ်ပါ။ အဲဒီမှာ Partition အားလုံး ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Recovery Partition ရဲ့ အရွယ်အစား မှာ 8GB ကနေ 20GB ၀န်းကျင်ရှိတတ်ပါတယ်။ အဲဒီအရွယ်အစား ရှိတဲ့ Partitioin ကိုတွေ့ရင် Recovery Partition ပါရှိတယ်လို့ ယူဆလို့ရပါတယ်။
Recovery Partition ကို အသုံးပြုပြီး ကွန်ပြူတာ ကို Factory Reset ချဖို့အတွက် အရင်ဆုံး ကွန်ပြူတာ ကို ပိတ်ပါ။ Power Button ကိုနှိပ်ပြီးတာနဲ့ ကွန်ပြူတာ အမျိုးအစားအလိုက် အောက်ဖော်ပြပါ ခလုတ်များ ကို နှိပ်ရမှာ ဖြစ်ပါတယ်။
Monday, February 1, 2016
ကွန်ပျူတာပြု ပြင်ထိန်းသိမ်းခြင်းနည်းပညာများ
Windows 7/8/10 တို့တွင်ဖြစ်ပေါ်တတ်သည့် Critical Process Died error ဖြေရှင်းနည်း
===============================================
ကွန်ပျူတာက power button ကို နှိပ်လိုက်တာနဲ့ Windows Operating System စတင်လည်ပတ်တဲ့အချိန်မှာ သက်ဆိုင်ရာ process တွေကို အပြည့်အစုံ run နိုင်ခြင်းမရှိလို့ အခုလို error ထွက်ပေါ်လာတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် အရေးကြီးတဲ့ system process တွေ အလုပ်မလုပ်လို့ဖြစ်တာပါ။ ဒီလိုဖြစ်ပေါ်တတ်တဲ့ error အတွက် ဘယ်လို ဖြေရှင်းရမယ်ဆိုတာ Microsoft က သီးခြားဖော်ပြထားခြင်းမရှိသေးပါဘူး။
ဖြေရှင်းနည်း
------------
Friday, October 30, 2015
Computer အတွက်လုပ်ဆောင်သင့်သောနည်းလမ်းလေးများ
 အောက်မှာ ဒေါင်းပြီ လေ့လာ ကြည့်ပါ
အဆင်ပြေပါစေဗျာ
ရေးသားသူ
ဆရာ ဘလော့ခရီသည်
နတ်တလင်းသားလေး (နည်းပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
 လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...
Monday, July 20, 2015
Windows cannot be installed to this disk ပြသနာ ဖြေရှင်းနည်......
windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း
=========================================
သင့် ကွန်ပျူ တာ ကို windows installing လုပ် တော့ မယ် ဆို ရင် သင့် ကွန်ပျူ  တာ ရဲ့  Hard Drive ဟာ 
UEFI mode သို့ မဟုတ်  legacy  mode တစ်ခုခု နှင့် မိမိရဲ့  BIOS ဟာ ကိုက်ညီမှူ ရှိ ရ ပါမယ်။
(ဥပမာ - )  အနေ နှင့်  “Windows cannot be installed to this disk. The selected disk is not 
of the GPT partition style” Message ပေါ် လာ ပြီး windows install လုပ်ဆောင် မရ ပဲ ဖြစ်နေ 
တတ်ပါတယ်။ဒါကို ဘယ်လို ဖြေ ရှင်း မလဲ ဆို ရင်တော့ ကျွန်တော် တို့ 
gpt အဖြစ် ပြန်ပြောင်းပေး ရ ပါမယ်။
Window 7 မှာ Missing operating system ဖြေရှင်းနည်.....
windows 7 မှာ Missing operating system ဖြစ် ပြီး windows ပြန် တက် မလာ တော့ တဲ့ ပြသနာ ဖြေ ရှင်း နည်း လေး ပါ။ Windows 7 DVD ခွေတစ် ခု ကို အသုံး ပြု ပြီး command prompt  က နေ ပြန် လည်  ဖြေ ရှင်း နည်း လေး ပါ။
Computer model brand အလိုက် BIOS ထည် ၀င်လို့ရမဲ့ Keyမှတ်တမ်းပါ.....
(အလုပ်မလုပ်သော PROGRAM ကို SYSTEM မှ ထုတ်ပစ်ခြင်း)
နည်းလမ်း-၁) CTRL +ALT+DEL နှိပ်၍ TASK MANANGER ကိုခေါ်တင်ပါ။
APPLICATION TAB မှ ရပ်နေသော PROGRAM များကို END TASK လုပ်ပေး
လိုက်ပါ။
(နည်းလမ်း-၂)
(၁) RUN BOX >>> REGEDIT ကိုရိုက်ပါ။
(၂) HKEY_CURRENT_USER >>> CONTROL PANEL >>> DESKTOP သို့
အ စဉ်တိုင်းသွားပါ။
(၃) AUTO END TASKS မှာ RIGHT CLICK နှိပ်၍ MODIFY ကိုရွေးပါ။
(၄) VALUE 0 ကို 1 ပြောင်းပါ။
မူရင်း ရေးသားသူကို Credit ပေးပါသည်။..........
လေးစားစွာဖြင့်
Nay Lin Htet (IT-Guide)
နတ်တလင်းသားလေး (နည်ပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
 လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...
ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ
ကွန်ပျူတာ နှေးကွေးလာခြင်းပြဿနာများ နှင့် ဖြေရှင်းနည်းများ
1.သင့်ကွန်ပျူတာစနစ်သည် အသုံးပြုသော စက်လည်းပတ်စေသော ပရိုဂရမ်းများ (op erating system) ၀င်းဒိုးမှုကွဲအလိုက် လိုအပ်သောမှတ်ဥာဏ် (RAM) ပမာဏ အနည်း ဆုံး လိုအပ်ချက်ဖြင့် အလုပ်လုပ်နေပါသလား။ အသုံးချ ပရိုဂရမ်းများ (Application so ftware) အတွက်မှတ်ဥာဏ် (RAM) ကို နှစ်ဆ အနည်းဆုံးတိုးလိုက်ပါ။ များလေ ကောင်းလေပါ။
Windows 7 မှာ မသုံးစေချင်တဲ့ Software ဒီလိုပိတ်ထားမယ်........
ပထမဆုံးအနေနဲ့ Start >> run box မှာ gpedit.msc ဆိုရိုက်ထည့်ပြီး Enter ခေါက်ပါ.....။
 Enter ခေါက်ပြီးတာနဲ့ User Configuration >> Administrative Templates >> System >> Run Only Specified Windows Application ကိုရှာပါ....
 ရှာတွေ့ပြီဆိုရင်တော့ Run Only Specified Windows Application ကို Double Click ပေးပါ....
ထို့နောက် ဘောက်ထွက်လာပါလိမ့်မယ်..ထွက်လာတဲ့ ဘောက်မှာ Enable ပေးပါ... ထို့နောက် Show ကို Click လုပ်ပါ...
Blue Screen Of Deah (BSOD) ဘာကြောင့်ဖြစ်........။
Blue Screen Of Death (BSOD) ဆိုတာ Windows general protection fault (GPF) error ကို အလွယ်ခေါ်ကြတာပါ။
Blue Screen Of Death (BSOD) ဘာကြောင့်တက် ?  ဖြစ်ရခြင်း အကြောင်းငါးချက်ရှိပါတယ် ။
အလွယ်ဆုံး Virus ရှိ ၊ မရှိ စမ်းနည်း...။
 တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..။
၁။ Start-->Run --> cmd ရိုက်ထည့်ပါ။
၂။ cd\-->enter ။
၃။ C:\>setup --> enter ...
ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မှတ်ချက်။ ။ မပေါ်ခဲ့ရင် တော့virusရှိနေပါပြီ...။
တကယ်ထိရောက်တဲ့ နည်းလို့တော့ မပြောနိုင်ပါဘူး။
နတ်တလင်းသားလေး (နည်ပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
 လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...
CleanThis Virus ကို ဖယ်ရှားရန်.....။
တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ယောက်၏ ကွန်ပျူတာတွင် ဗိုင်းရပ်စ် ၀င်နေသည် သတင်းကြား၍ အပြေးအလွှား သွားကြည့်ဖြစ်သည်။ အစပထမတွင် မည်သည့် ဗိုင်းရပ်စ်မှန်း မသိဖြစ်ရ၏။ ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။
Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။
RECYCLE Virus ရှင်းလင်းနည်း
RECYCLE Virus ရှင်းလင်းနည်း...
ကဲ သူငယ်ချင်းအပေါင်းတို့ရေ ဒီတစ်ခါတော့ RECYCLE Virus ရှင်းနည်း (၃) ကိုပြော ပြသွားမှာပါ.....။
virus ဆိုတာကလည်းကွန်ပြုတာသုံးစွဲသူများကင်းဝေးလို့မရတဲ့အရာလိုဖြစ်နေပြီ...
အများကြီးမသိရင်တောင် အနည်းငယ်ဖြေရှင်းတတ်ဖို့လိုလာတယ်လေ...။
အများအကျိုးအတွက် ဖန်တီးထားတဲ့ အရာတွေကို အားနည်းချက်ရှာအနှောက်အယှက်ပေးနေကြသူတွေလည်း လောကမှာရှိသေးသကိုးဗျ...။
 လေကြောကလည်းရှည်ပါ့..
(စာဖတ်သူမှပြောသံ) အဲ့ဒီ့တော့ဗျာ...စာဖတ်သူ recycle virus နဲ့ ကြုံတွေနေရပြီဆိုရင် ဒီလိုလုပ်ဗျာ....
ကျွန်တော် စာမျက်နှာတွေမှာ RECYCLE Viurs ရှင်းလင်းနည်း (၁)..RECYCLE Virus ရှင်းလင်းနည်း (၂)...။ နဲ့အခု post နဲ့ဆို (၃) ခု တင်ပေးထားတယ်...စမ်းသပ် အသုံးပြုနိုင်ပါတယ်...... 
ကဲဗျာ...နံပါတ် (၃) က အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်...
Recycler.exe ဗိုင်းရပ်စ်ဟာ jwgjvsq.vmx လို့အမည်ပေးထားတဲ့ worm-type အ မျိုး အစားဗိုင်းရပ်စ် ဖြစ်ပါတယ်။ အထူးသဖြင့် USB/portable Drives တို့က ကူးစက် သလို Network ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်...။ ဖိုင်လ်ဒါနဲ့အတူ autor un.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့် မယ်...။ ၎င်း folder များကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ...။ ၎င်း Recycler folder ကို ထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်...။ အဲဒီဒါဟာ ဗိုင်းရပ်စ်လား...၊ ဘယ်လိုကူးစက် အောင်လုပ်ထားတယ်ဆိုတာ တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါ ဘူး...။ Anti-virus ဆော့ဖ်ဝဲလ် အများစုက ၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့ လည်း မရပါ...။ အနီးဆုံးတူတဲ့ ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA လို့တွေ့ရပါတယ်...။
Window 7 မှာ Hard Disk ကို Partition ခွဲနည်း / ပြန်ပေါင်းနည်း
မင်္ဂလာပါ ... သူငယ်ချင်းတစ်ယောက်မေးထားတာလေးကို မသိသေးသူအားလုံးအတွက် မျှဝေလိုက်ပါတယ်... သူမေးထားတာကတော့ Window 7 မှာ Partition ကို ဘယ်လို ခွဲရမလဲ ..? ပြီးတော့ ဘယ်လိုပြန်ပေါင်းရမလဲ ..? ဆိုပြီးမေးထားလေးပါ....
ဘယ် Software မှ သုံးစရာမလိုပါဘူး Window ပေါ်မှာပဲ ခွဲ/ပေါင်း လို့ရပါတယ်......။