Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Thursday, August 25, 2016

External HDD & USB format တောင်းခဲ့လျှင်






 ပထမဆုံး HDD ကို USB အပေါက်တွင်တပ်ပါ ....... format တောင်းလာလျှင် cancel ကို နှိပ်လိုက်ပါ ....... Desktop ထဲမှ search တွင် cmd ဟုရိုက်ပီး ပေါ်လာလျှင် right click ထောက်ပီး run as administrator ကို နှိပ်လိုက်ပါ . .... အမဲရောင် ဘောက်ပေါ်လာလျှင် dskchk ဟုရိုက်ပီး space bar ခံပီး မိမိ HD ရှိ နာမည် ( C or D or E or F or G or H or I ) : ကို နှိပ်ပါ ..... ပီးလျှင် space bar ခံပီး / r ကို ရိုက်ပီး enter ခေါက်လိုက်ပါ ...... ဥပမာ ..ကျွန်တော့် HD က H ပါ ..... cmd အမဲရောင် ဘောက်ပေါ်လာပီး windows system 32 ရဲ့ နောက်မှာ ခုန ပြောတဲ့ အတိုင်း chkdsk H: /r ကို နှိပ်ပီး enter ခေါက်လိုက်ပီး စောင့်နေလိုက်ပါ .... မိမိ HD ထဲ ရှိ data ပမာဏ ပေါ် မူတည်ပီး အချိန် ကြာပါမည် .. ( ကျွန်တော့် Data က 470 GB လောက် ရှိတဲ့ အတွက် လေးနာရီ ခွဲလောက် စောင့်လိုက်ရပါတယ် ...... 100 % completed ဖြစသွားပီး ရင် ကွန်ပျူတာမှာ autorun နဲ့ HD က အလိုလို ပွင့်လာမယ် ..... HD ကို ဖွင့်လို့ ရသွားပီးရင် အထဲက Data တွေကို တခြားကို ခန ရွှေ့ပီး HD ကို NTFS Format ချလိုက်ပါ ..... ပီးမှ Data တွေကို ပြန်ရွှေ့ပါ ....... လက်တွေ့ စမ်း ကြည့်ပီး လို့ အဆင်ပြေပါသည်





နတ်တလင်းသားလေး (နည်းပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...

Friday, March 25, 2016

♪ Lock ကျသွားတဲ့ Facebook Account ကို ပြန်လည် ရယူဖို့ Trusted Contacts များကို အသုံးပြုနည်း ♫



http://cdn7.staztic.com/app/a/3285/3285693/facebook-lock-1-0-s-307x512.jpg


Facebook က သင့်ရဲ့ အကောင့်ကို ပိုမိုလုံခြုံစေဖို့ Trusted Contacts ဆိုတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုရင် Password မေ့လို့ပဲ ဖြစ်ဖြစ် Hack ခံရလို့ပဲ ဖြစ်ဖြစ် သင့် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ သင့်အကောင့်ကို ပြန်လည် ရယူ အသုံးပြုနိုင်မှာပါ။
Trusted Contacts များကို သတ်မှတ်ခြင်း။
Trusted Contacts ကို အသုံးပြုဖို့ သင့်ရဲ့ Facebook အကောင့်ထဲသို့ Log In ၀င်ပါ။ Account Settings ထဲကတဆင့် Security ကဏ္ဍကို သွားပါ။ ဘယ်ဘက် Sidebar မှ Trusted Contacts ကို တစ်ချက်နှိပ်ပြီး ညာဘက်မှ Choose Trusted Contacts ကို နှိပ်ပါ။
1 

နောက်တစ်ဆင့်မှာ Trusted Contacts စွမ်းဆောင်ချက်က သင့်ကို ဘယ်လို ကူညီပေးနိုင်လဲဆိုတာ ရှင်းပြပေးမှာပါ။ Choose Trusted Contacts ခလုတ်ကို နှိပ်ပါ။
2 
အနည်းဆုံး သူငယ်ချင်း သုံးယောက်ကနေ အများဆုံး ငါးယောက်အထိ Trusted Contacts အဖြစ် သတ်မှတ်လို့ ရပါတယ်။ နာမည်တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး သူငယ်ချင်း List ကျလာရင် အဲဒီထဲက သင့်ရဲ့ သူငယ်ချင်းကို တစ်ချက်နှိပ်ပြီး ရွေးချယ်ပါ။ သူငယ်ချင်းများ ရွေးချယ်ပြီးရင် Confirm ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ သင့်ရဲ့ Password ကို ရိုက်ထည့်ပေးပါ။ ဒါကတော့ သင့်ရဲ့ လုံခြုံရေးအတွက် Facebook က စစ်ဆေး အတည်ပြုတာပါ။

3

Thursday, November 12, 2015

သင့်ရဲ့ Facebook Account ဟက်ခံရပါက ပြန်လည်ရယူနည်း




ယနေ့ ခေတ်တွင် Facebook ကို အသုံးပြုသူ များပြား လာသည်နှင့်အမျှ ဆိုက်ဘာ တိုက်ခိုက်မှုများ မှာလည်း တစ်စတစ်စ တိုးပွားလာပေသည်။ ထို့ကြောင့် Facebook သုံးစွဲသူများအနေဖြင့် မိမိတို့၏ Facebook Account ကို မသမာသူများ၏ တိုက်ခိုက်မှု မခံရလေအောင် စနစ်တကျ လုံခြုံစွာ အသုံးပြုသင့်ပေသည်။ သို့သော် ကံမကောင်း အကြောင်းမလှ၍ မိမိအသုံးပြုနေသော Facebook Account မှာ အားနည်းချက် ဖြစ်ပေါ်သွားပါက ပြန်လည်၍ ရယူနိုင်မည့် နည်းလမ်းများကို  အောက်တွင် ရေးသားဖော်ပြလိုက်ပါသည်။

ဖြေရှင်းနည်း (၁)
•    အဆင့် ၁။ http://www.facebook.com/hacked/ ကိုသွားပါ
•    အဆင့် ၂။ My Account is compromised ပေါ်တွင်ကလစ်နှိပ်ပါ
•    အဆင့် ၃။ I can’t identify my account ကို Click လုပ်ပါ။
•    အဆင့် ၄။ အောက်တွင် ဖော်ပြထားသော ဖောင်ပုံစံ တစ်ခု ကျလာလိမ့်မည်။

Friday, August 7, 2015

Window နှစ်ခု တင်ပြီ window ၁ခု ပြန် မဖြုတ်တတ်သူများအတွက်

 Window နှစ်ခု တင်ပြီ window ၁ခု ပြန် မဖြုတ်တတ်သူများအတွက်
 
 အရင် ဆုံ win key နဲ့ keyboard က R ကို တွဲ နိပ် လိုက်ပါ
ပေါ်လာတဲ့ box  ထည်မှာ...msconfig 
ကို နိပ်လိုက်ပါ.....
ပြီးရင်  
အပေါ်က ပုံလိုက် ရိုက်လိုက်ပါ....
ကလစ်တစ်ချက်ထောက်ပြီး...မသုံးတော့မဲ့.
window ကို delete လုပ်လိုက်ပါ...
အားလုံးအဆင်ပြေပါစေ......

 
 နတ်တလင်းသားလေး (နည်းပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...

Saturday, July 11, 2015

သင့်ကွန်ပျူတာကို လျင်မြန်စွာ အသုံးပြုလိုလျှင်


ကွန်ပျူတာ အသုံးပြုသူတိုင်း Desktop  ဖြစ်ဖြစ် ၊ Laptop ဖြစ်ဖြစ် အသုံးပြုနေ ရင်းဖြင့် နှေးကွေး သွားခြင်းတွေ၊  Performance ကျခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီလိုတွေကြုံလာ ရပြီးဆိုရင် စိတ်သောက ရောက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့စိတ်ရဲ့မြန်ဆန်မှုကို မိမိအသုံးပြုနေတဲ့ ကွန်ပျူတာက မလိုက်နိုင်လို့ပဲဖြစ်ပါတယ်။

တကယ်တမ်းအသုံးပြုမယ်ဆိုရင်တော့ ဘယ်စက်ကမှ လူတစ်ယောက်ရဲ့ စိတ်အလိုကို မလိုက်နိုင်ဘူးဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ စက်မှာလည်း သူ့ရဲ့ခံနိုင်ရည်နဲ့သူဆိုတာရှိပါတယ်။ ဒီတော့ နေ့စဉ်ရက်ဆက် ကွန်ပျူတာနဲ့မှ အလုပ်လုပ်နေကြရတဲ့ မိတ်ဆွေတို့အတွက် မိမိစက်ကို ရိုရိုသေသေနဲ့ နည်းစနစ်ကျကျကိုင်တွယ်ပြီး ကျွန်တော် ဖော်ပြပေးမဲ့ လုပ်ဆောင်ချက်အနည်းငယ်ကို လိုက်နာပြီး ဆောင်ရွက်သွားမယ်ဆိုရင် သင့်ရဲ့ စက်ဟာ အရင်ကထက် အနည်းငယ် လျင်မြန်မှုရှိလာမယ်ပါလိမ့်မယ်။

မိတ်ဆွေတို့အနေနဲ့ လုပ်ဆောင်ရမဲ့အချက်အချို့ကတော့ စက်သုံပြီးဖြစ်စေ ၊ မသုံးခင်ဖြစ်စေ C Cleaner နဲ့ အရင်ဆုံး Clean and Analyze လုပ်ပါ။ C Clenaer အသုံးပြုရခြင်းအကြောင်းကတော့ နောက်ကွယ်မှာရှိတဲ့ Program တွေနဲ့ Cache ထဲမှာ Run နေတဲ့ Program တွေကို ရှင်းပစ်စေချင်တဲ့ အတွက်ကြောင့်ပါ။

နောက်တစ်ဆင့်ကတော့ Disk - Difgrament လုပ်ပေးပါ။ ဒီလိုလုပ်ရခြင်းအကြောင်းကတော့ File တွေအစီအစဉ်တကျ ဖြစ်သွားစေဖို့ပါ။ 


 အထက်ပါ  Software တွေကို အသုံးပြုပြီး Difgrament နှင့် Clean လုပ်နေချိန်မှာ မိမိရဲ့စက်မှာ ဘာမှ အသုံးမပြုတာ အကောင်းဆုံးပါ။

အားလုံးအဆင်ပြေကြပါစေ..