Wednesday, August 24, 2016

iPhone အသစ်တစ်လုံးအား Set Up ပြုလုပ်ခြင်း







iPhone အသစ်တစ်လုံးအား Set Up ပြုလုပ်ခြင်း
iPhone အသစ်တစ်လုံးအား စတင်အသုံးပြုခြင်း
===========
မိတ်ဆွေဟာ iPhone အသစ်တစ်လုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ၎င်း iPhone အား စတင်အသုံးပြုနိုင်စေဖို့ Set up ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
ဒါဟာ iPhone သုံးတဲ့သူတိုင်း သိထားသင့်တဲ့ အချက်တစ်ချက်လည်းဖြစ်ပါတယ်။ iPhone ကို ပထမဆုံးဝယ်ယူစဉ်က ဆိုင်ကနေ Set Up လုပ်ပေးလိုက်တယ်ထားအုံး Reset လုပ်လိုက်တာမျိုးတွေကြုံလာတဲ့အခါတို့မှာ မိမိဘာသာ Set Up လုပ်ရတော့မှာဖြစ်ပါတယ်။
တစ်ကယ်တော့ iPhone Set Up ပြုလုပ်ခြင်းက (3)မျိုးရှိပါတယ်။
• အသစ်တစ်လုံးအဖြစ် စတင်အသုံးပြုရန် Set Up ပြုလုပ်ခြင်း
• iCloud Backup မှ Restore ပြုလုပ်၍ Set Up ပြုလုပ်ခြင်း
• iTunes Backup မှ Restore ပြုလုပ်၍ Set Up ပြုလုပ်ခြင်း တို့ပဲဖြစ်ပါတယ်။ အခုဒီနေရာမှာတော့ အသစ်တစ်လုံးအဖြစ် အနေနဲ့ စတင်အသုံးပြုရန် Set Up ပြုလုပ်ခြင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အသစ်တစ်လုံးအဖြစ် စတင်အသုံးပြုရန် Set Up ပြုလုပ်ပုံအဆင့်ဆင့်

===========
Set Up မပြုလုပ်မီ အင်တာနက်ချိတ်ဆက်ထားသော WiFi Network ရှိထားဖို့တော့လိုပါသည်။
1) iPhone ၏ Power button အားနှိပ်၍ ဖွင့်ပါ။ (iPhone သည် Power ရှိနေဖို့တော့လိုပါသည်။
ထိုသို့ဖွင့်လိုက်ပါက "Hello" ဆိုတဲ့စာသားပေါ်လာမည်။ အပေါ်တွင် လိုင်းရှာခြင်း Searching ဆိုတာပေါ်နေပြီး အောက်ခြေတွင် " > Slide to Set Up " ဆိုတာပေါ်နေမည်။ " > Slide to Set Up " အားလက်နှင့်ဖိ၍ ညာဘက်သို့ဆွဲပါ။
2) Languae ရွေးပါ။ English အားရွေးပါ။
3) Countery ရွေးပါ။ Myanmar အားရွေးပါ။
4) WiFi Network အားချိတ်ဆက်ပါ။
5) Location Service အား Enable (or) Disable တစ်ခုခုရွေးပါ။ မရွေးလိုပါက Skip This Step အားနှိပ်ပါ။
6) Set Up as New iPhone အားနှိပ်ပါ။
7) Apple ID မေးရာတွင် ရှိလျှင်ထည့် မရှိသေးလျှင် Skip This Step အားနှိပ်ပါ။
8) Terms and Conditions တွင် Agree ကိုနှိပ်ပါ။
9) Creae a Passcode ပေးခိုင်းရာတွင် ပေးချင်တယ်ဆိုရင်လည်း ပေးလိုက်ပါ။ မပေးချင်သေးရင်လည်း Don't Add Passcode ကိုနှိပ်ပါ။
10) Set up Siri တွင် Use (or) Don't use ကြိုက်ရာရွေးခဲ့ပါ။
11) Diagnostics မှာလည်း Auto Send (or) Don't Send တစ်ခုခုရွေးခဲ့ပါ။ အဲ့နောက် App Analytics ဆိုတာပေါ်လာရင်လည်း ကြိုက်ရာရွေးခဲ့ပါ။
12) Get Started ကိုနှိပ်ပါ။ ဒါဆို iPhone ကို အသစ်တစ်လုံးစတင်သုံးသကဲ့သို့ Set Up ပြုလုပ်ခြင်း ပြီးဆုံးပါပြီ။




နတ်တလင်းသားလေး (နည်းပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
 လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...

No comments:

Post a Comment