ယနေ့ ခေတ်တွင် Facebook ကို အသုံးပြုသူ များပြား
လာသည်နှင့်အမျှ ဆိုက်ဘာ တိုက်ခိုက်မှုများ မှာလည်း တစ်စတစ်စ
တိုးပွားလာပေသည်။ ထို့ကြောင့် Facebook သုံးစွဲသူများအနေဖြင့် မိမိတို့၏
Facebook Account ကို မသမာသူများ၏ တိုက်ခိုက်မှု မခံရလေအောင် စနစ်တကျ
လုံခြုံစွာ အသုံးပြုသင့်ပေသည်။ သို့သော် ကံမကောင်း အကြောင်းမလှ၍
မိမိအသုံးပြုနေသော Facebook Account မှာ အားနည်းချက် ဖြစ်ပေါ်သွားပါက
ပြန်လည်၍ ရယူနိုင်မည့် နည်းလမ်းများကို အောက်တွင် ရေးသားဖော်ပြလိုက်ပါသည်။
ဖြေရှင်းနည်း (၁)
• အဆင့် ၁။ http://www.facebook.com/hacked/ ကိုသွားပါ
• အဆင့် ၂။ My Account is compromised ပေါ်တွင်ကလစ်နှိပ်ပါ
• အဆင့် ၃။ I can’t identify my account ကို Click လုပ်ပါ။
• အဆင့် ၄။ အောက်တွင် ဖော်ပြထားသော ဖောင်ပုံစံ တစ်ခု ကျလာလိမ့်မည်။