Monday, July 20, 2015

Blue Screen Of Deah (BSOD) ဘာကြောင့်ဖြစ်........။


Blue Screen Of Death (BSOD) ဆိုတာ Windows general protection fault (GPF) error ကို အလွယ်ခေါ်ကြတာပါ။

Blue Screen Of Death (BSOD) ဘာကြောင့်တက် ?  ဖြစ်ရခြင်း အကြောင်းငါးချက်ရှိပါတယ် ။

1. Software errors
Software တွေ ဒါမှမဟုတ် device drivers တွေ error တက်တာကြောင့်ပဲ ဖြစ်ဖြစ် error ကြောင့်ဆက် run လို့မရတော့ရင်ပဲ ဖြစ်ဖြစ် တက်ပါတယ်။

2. Hardware errors
Hardware တွေ malfunctions ဖြစ်တဲ့ အခါမျိုး ဒါမှမဟုတ် Window operate လုပ်နေတဲ့ အတွင်းမှာ hardware တွေ ဖြုတ်မိတဲ့အခါ/ပြုတ်သွားတဲ့ အခါမျိုးတွေနဲ့ hardware က OS ကို fully support မလုပ်တဲ့ အခါမျိုးတွေ မှာလည်းဖြစ်တတ်ပါတယ်။


3. Installation errors
Windows ကို install လုပ်နေတဲ့ အချိန်ဟာ hardware နဲ့ disk တွေရဲ့ အမှားအရွင်းတွေ အပေါ် အရမ်း sensitive ဖြစ်တဲ့အချိန်ပါ ။အဲ့လိုအချိန်မျိုးမှာ computer ရဲ့ hardware configuration မှာပဲဖြစ်ဖြစ် window install လုပ်ဖို့သုံးထားတဲ့ the media မှာပဲဖြစ်ဖြစ်ပြဿနာရှိရင် လည်း တက်တတ်ပါတယ်။

4. Startup errors
ပျက်နေတဲ့ system files တွေ၊ hardware နဲ့ driver errors တွေကြောင့်လည်း window ဟာပုံမှန် boot မတက်နိုင်ပဲ BOSD တက်တတ်ပါတယ် ..

5. Intermittent errors
ဒီတစ်ခုကတော့ အလွန်ကို စိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေပါ .... message တစ်မျိုးပြီးတစ်မျိုးကို randomly ပြနေတတ်ပါတယ်။အဲ့လိုမျိုးဖြစ်ပြီဆိုရင်တော့ ဖြစ်နိုင်ခြေတွေက system memory မကောင်းခြင်း၊ processor overheat ဖြစ်ခြင်း၊hard drive ပျက်စီးခြင်း (သို့) ပျက်လူ့နီးပါးဖြစ်ခြင်း နဲ့ software နဲ့ device drivers တွေမှားယွင်း install လုပ်မိခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ် ။

ဒါတွေကတော့ BSOD တက်ရခြင်း အကြောင်းအရင်းတွေ ပါ ... သူ့ကိုဘယ်လိုရှင်းမလည်း ?
ဒါလည်းပုံသေ တွက်ထားလို့ မရပါဘူး blue screen တက်တဲ့ အချိန်မှာ သူ ပြတဲ့ dump msg ကိုကြည့်ပြီးမှ driver တွေ ပြောင်းသင့်ရင်ပြောင်း hardware တွေ လဲသင့်ရင်လဲ လုပ်ပေးရမှာပါ ။
သူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေဗျာ........
ref: www.myanmaronlinenetwork.com


နတ်တလင်းသားလေး (နည်ပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည်
 လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...

No comments:

Post a Comment