Thursday, February 4, 2016

CMOS နဲ့ BIOS ကွာခြားချက်များ အကြောင်း



CMOS နဲ့ BIOS ကွာခြားချက်များ အကြောင်း
========================
တစ်ချို့သော ကွန်ပျူတာသုံးစွဲသူတွေဟာ တစ်ခါတစ်လေမှာ CMOS နဲ့ BIOS ကို အတူတူပဲလို့ ထင်မှတ်နေကြပါတယ်။ တစ်ကယ်တော့ အဲဒီနှစ်ခုဟာ အစိတ်အပိုင်းတွေ မတူသလို လုပ်ဆောင်ချက်တွေလည်း ကွဲပြားခြားနားပါတယ်။ အဲဒီတော့ ဘာတွေမတူသလဲ ကြည့်ရအောင်။
BIOS
------
BIOS ဆိုတာ Basic Input/Output System တစ်ခုဖြစ်ပြီး System BIOS, ROM BIOS or PC BIOS လို့လူသိများတဲ့ firmware အမျိုးအစားတစ်ခုဖြစ်ကာ motherboard ပေါ်က chip တစ်ခုအတွင်းမှာ run ပါတယ်။ အဲဒီ firmware ဟာ ကွန်ပျူတာအတွင်းက disc drives, video cards, sound cards, network cards, floppy drives, USB ports, hard drives နဲ့ အခြားအစိတ်အပိုင်းတွေကို ထိန်းချုပ်ပေးနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။ BIOS မရှိပဲနဲ့ processor ဟာ ကွန်ပျူတာအတွင်းက အစိတ်အပိုင်းတွေကို သိမှာမဟုတ်တဲ့အတွက် ကွန်ပျူတာအစိတ်အပိုင်းတွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။
BIOS chip အတွင်းမှ ရှိတဲ့ BIOS program ကို BIOS flash program ကနေ update လုပ်လို့ရပါတယ်။ BIOS program မှာလည်း ကွန်ပျူတာအမျိုးအစားနဲ့ Motherboard အမျိုးအစားအလိုက် version တွေကွာပါသေးတယ်။


CMOS
-------
CMOS ဆိုတာဟာလည်း ကွန်ပျူတာ အစိတ်အပိုင်းတွေရဲ့အချက်အလက်တွေကို သိမ်းဆည်းထားရာ မှတ်ဥာဏ် setting (RAM chip) တစ်ခုဖြစ်ပါတယ်။ သို့သော် ပုံမှန် RAM တွေနဲ့မတူတာက အဲဒီအချက်အလက်တွေကို computer power ပိတ်လိုက်တဲ့အချိန်မှာ ဆက်မှတ်ထားလို့ရအောင် CMOS Battery နဲ့ ထိန်းပေးထားပါတယ်။ အချိန်တွေ၊ နေ့ရက်တွေကောပေါ့။ ဘယ်မှာသိသာသလဲဆိုရင် CMOS Battery အားကုန်လို့ပဲဖြစ်ဖြစ် CMOS Battery ကို motherboard ကနေ ဖယ်လိုက်လို့ပဲဖြစ်ဖြစ် setting တွေကို ပြန်ပြင်ခိုင်းတာတို့ အသစ်ထည့်ခိုင်းတာတို့ ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် CMOS setting မှာ သင်မဖိတ်ခေါ်ပဲနဲ့ ပေါ်လာပါလိမ့်မယ်။
ကွန်ပျူတာစတင်လည်ပတ်တာနဲ့တစ်ပြိုင်နက် BIOS chip အတွင်းမှ ရှိတဲ့ BISO program ဟာ CMOS chip ထဲက အချက်အလက်တွေကို လှမ်းဖတ်ပါတယ်။ သင့်အနေနဲ့ Delete ကိုပဲနှိပ်နှိပ်၊ function key တစ်ခုခုကိုပဲနှိပ်နှိပ် ကွန်ပျူတာအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ Key ကို နှိပ်တဲ့အခါ ကျွန်တော်တို့တွေ့မြင်နေရတဲ့ POST screen ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီ POST screen မှာ ကွန်ပျူတာအတွင်းမှရှိတဲ့ information တွေဖတ်မယ်၊ windows တင်မယ်ဆိုရင် first boot တို့ second boot တို့ရွေးမယ် စသည်ဖြင့်ပေါ့။ အဲဒါကို CMOS setup လို့ခေါ်ပါတယ်။ BIOS setup မဟုတ်ပါဘူး။
ဒါကြောင့် CMOS setup ဆိုတာဟာ ကွန်ပျူတာရဲ့ အချိန်တွေ ရက်စွဲတွေကို ပြုပြင်ပြောင်းလဲနိုင်တယ်။ Power မရလည်း setting တွေကို မှတ်ထားပေးနိုင်တဲ့အပြင် Hardware devices တွေ၊ USB ports တွေ၊ video card (onboard) တွေ၊ sound card (onboard) တွေ၊ parallel ports တွေ၊ serial ports တွေနဲ့ အခြားသော devices တွေကို disable နဲ့ unable လုပ်နိုင်ကြောင်းပါခင်ဗျာ။


 နတ်တလင်းသားလေး (နည်းပညာ) မှ
 ကြိုးစားလျှက် ဝေမျှ ပါအုန်းမည် 
 လာရောက်လည်ပတ်တဲ့ အတွက်
 ကျေးဇူးတင်ပါတယ် ခင်ဗျာ...

No comments:

Post a Comment