Internet Download Manager ရဲ့ နောက်ဆုံး Update Version ပါ....
ဒီ Version ကို အသုံးပြုမယ်ဆိုရင်တော့ ထုံစံအတိုင်း အရင်တင်ထားတဲ့ IDM ဗားရှင်းအဟောင်းကို ထုတ်ပစ်ပြီးမှ Install လုပ်ရမှာပါ...
Internet ပေါ်က ရုပ်ရှင် ၊ ဗွီဒီယို
[MP4] ၊ သီချင်း [MP3] ၊ Software အစရှိသည်တို့ကို ဒေါင်းယူနိုင်ဖို့
ကွန်ပျူတာတိုင်းမှာ ရှိရမဲ့ / ရှိသင့်တဲ့ Software ဖြစ်ပါတယ်။
မလုပ်တတ်သေးသူတွေအတွက် ရည်ရွယ်ပြီး IDM Uninstall & Install ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်...
IDM ကို အလွယ်တကူ ထုတ်လို့ အဆင်ပြေအောင် ဒီ Advanced Uninstaller PRO ကိုအသုံးပြုနိုင်ပါတယ် Free ပေးထားပါတယ်။ ဒီ Uninstaller က ချောင်ကြို ချောင်ကြားပါမကျန်အောင် ထုတ်ပစ်ပေးနိုင်းစွမ်းရှိပါတယ်...
အခြား ထုတ်ပစ်လိုတဲ့ Software , Program အစရှိသည်တို့ကိုလည်း ထုတ်ပစ်နိုင်ပါတယ်။
IDM ကို ထုတ်ပစ်ဖို့အတွက် Advanced Uninstaller PRO ကို မသုံးချင်လို့ ရိုးရိုးလေးပဲ ထုတ်ပစ်ချင်တယ်ဆိုရင် အောက်ပါ လမ်းကြောင်းအတိုင်း သွားပြီး ထုတ်ပစ်နိုင်ပါတယ်...
Control Panel > Uninstall Programs > Internet Download Manager > Right Click > Uninstall
Full ကိုရွေးပြီး ထုတ်ပစ်ပါ။
အဆင့် (၁) Uninstall ပြုလုပ်နည်း
အောက်မှာ တင်ပေးထားတဲ့ Download Link ကတဆင့် IDM 6.25 Build 11 ကို ဒေါင်းယူထားပါ။
IDM ရှိနေရင် Exit လုပ်ပါ.. (ပုံမရှင်းရင် ပုံကို Click ပါ)
ပြီးလျှင်...
Desktop ပေါ်က IDM Shortcut Icon လေးပေါ်ကို Mouse Pointer လေးတင်ပြီး Right
Click > Uninstall With Advanced Uninstaller PRO နဲ့ အောက်ပါအတိုင်း
တဆင့်ချင်း ထုတ်ပစ်ပါ...